Community Facilitator(Nutrition),PT(Village) at Save the Children International
London, England, United Kingdom -
Full Time


Start Date

Immediate

Expiry Date

15 Jun, 26

Salary

0.0

Posted On

17 Mar, 26

Experience

0 year(s) or above

Remote Job

Yes

Telecommute

Yes

Sponsor Visa

No

Skills

Time Management, Pressure Handling, Staff Management, Team Building, Motivation, Collaboration, Reporting, Monitoring, Training Support, Community Mobilization, Nutrition Program Implementation, Case Management, Record Keeping

Industry

Non-profit Organizations

Description
  ရာထူးတာဝန်ဖော်ပြချက်   ရာထူးအမည် : ကွင်းဆင်းဝန်ထမ်း (အာဟာရစီမံကိန်း) လုပ်ငန်းအဖွဲ့/ အစီအစဉ် :ကလေးသူငယ်ဆင်းရဲနွမ်းပါးမှု/ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်း     လုပ်ငန်းတည်နေရာ :   ပေါက်တောမြို့၊ရခိုင်ပြည်နယ်။   လစ်လပ်သောရာထူးအရေအတွက် : ၈ (ငှက်ချောင်းစခန်း၁ - ၁ ယောက်၊ ငှက်ချောင်းစခန်း၂ - ၁ ယောက်၊ ဆင်တက်မော် -၁၊ အနောက်ရဲ -၁၊ ကြိမ်နီပြင်- ၁၊ပေါက်တောရွာ- ၃) ရာထူးအဆင့် : အဆင့် ၆                 စာချုပ်အမျိုးအစား : ၆ လ     ကလေးသူငယ်ဘေးကင်းလုံခြုံမှု :  အဆင့်၃ : ဒေသဆိုင်ရာ အစီအစဉ်များတွင် တာဝန်ထမ်းဆောင်ရန် (သို့မဟုတ်) အစီအစဉ်များ အကောင်အထည် ဖော်နေသည့် နေရာဒေသများသို့ သွားရောက်ရန် (သို့မဟုတ်) ကလေးသူငယ်များ နှင့်/သို့မဟုတ် လူငယ်များဖြင့် ရံဖန်ရံခါသော်လည်းကောင်း၊ အထူးဂရုစိုက်စောင့်ရှောက်ရန်သော်လည်းကောင်း၊မကြာခဏ (တစ်ပတ်လျှင် တစ်ကြိမ်နှင့်အထက် (သို့မဟုတ်) တစ်လလေးကြိမ်နှင့်အထက် (သို့မဟုတ်) ညအိပ်ညနေ အစီအစဉ်များ) ထိတွေ့ ဆက်ဆံရသည့် ရာထူးနေရာဖြစ်ပါသည်။    ရာထူးတာဝန်ရည်ရွယ်ချက် :  ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်အတွင်းအာဟာရစီမံကိန်းနှင့်ပတ်သက်သောလုပ်ငန်းများ (အဓိကအား ဖြင့်လတ်တလောအပြင်းအထန်အာဟာရချို့တဲ့မှုကိုကုသစောင့်ရှောက်ပေးခြင်း၊လတ်တလောအတော်အတန် အာဟာရချို့တဲ့မှုကိုကုသစောင့်ရှောက်ပေးခြင်းအစီအစဉ်များ)အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ရပ်ရွာလူထု၊ မိခင်အချင်းချင်းအထောက်အကူပြုအဖွဲ့များ၊ဖခင်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်တက်ကြွစွာပါဝင်လုပ်ဆောင်ရမည်။ တာဝန်ယူရသောပမာဏ   အစီရင်ခံရမည့်သူ : စီမံချက်လက်ထောက် (အာဟာရဌာန)   တိုက်ရိုက်အစီရင်ပေးပို့မည့်သူ  : လူထုအခြေပြုအာဟာရလုပ်သားများ   ငွေကြေးသုံးစွဲရန်ခွင့်ပြုခြင်း    •             ငွေကြေးသုံးစွဲရန်ခွင့်ပြုခွင့်မရှိပါ။   ပြင်ပတွင်ကိုယ်စားပြုခြင်း         :  •             ပုံမှန်ထိတွေ့ဆက်ဆံမှုမလိုပါ။ ပင်မတာဝန်များ •             စီမံကိန်းနေရာများတွင် မိခင်အချင်းချင်းအထောက်အကူပြုအဖွဲ့များနှင့်ဖခင်အဖွဲ့များဖွဲ့စည်းရာတွင်စီမံချက်လက်ထောက်အား ကူညီဆောင်ရွက်ရန်။ •             စီမံကိန်းနေရာများရှိ ကလေးများနှင့်မိခင်များအား တစ်ကိုယ်ရည်သန့်ရှင်းရေးထုပ်များပေးသောလုပ်ငန်းများတွင်ကူညီဆောင်ရွက်ရန်။ •             လတ်တလောအာဟာရချို့တဲ့မှုဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာလုပ်ငန်းများအားအကောင်အထည် ဖော်ဆောင်ရွက်ရန်။(အဓိကအားဖြင့် လတ်တလောအပြင်းအထန်အာဟာရချို့တဲ့မှုကိုကုသစောင့်ရှောက်ပေးခြင်း၊ လတ်တလောအတော်အတန်အာဟာရချို့တဲ့မှုကိုကုသစောင့်ရှောက်ပေးခြင်း) •             လတ်တလောအာဟာရချို့တဲ့ခြင်းကိုရှာဖွေဖော်ထုတ်ခြင်း၊လွှမ်းခြုံအာဟာရဖြန့်ဝေခြင်း၊လူထုအခြေပြု အာဟာရလုပ်သားများနှင့်မိခင်ခေါင်းဆောင်များအားကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်ရန်။ •             စီမံကိန်းနေရာများ၌ အာဟာရဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်စီမံချက်လက်ထောက်အား ကူညီဆောင်ရွက်ရန်။ •             ၂ နှစ်အောက်ကလေးသူငယ်များအတွက် မိခင်နို့တိုက်ကျွေးခြင်းနှင့်ဖြည့်စွက်စာကျွေးခြင်းဆိုင်ရာတစ်ဉီးချင်းနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့်လူထုအခြေပြုအာဟာရလုပ်သားများအားအထောက်အကူပြုပေးခြင်းများဆောင်ရွက်ရန်။ •             ဖြည့်စွက်အစာကျွေးမွေးခြင်း၏လက္ခဏာ(၇)ချက်နှင့်အညီ သရုပ်ပြချက်ပြုတ်ပြိုင်ပွဲများလုပ်ဆောင်ရာတွင် အထက်အရာရှိအား ကူညီဆောင်ရွက်ရန်။ •             စေတနာ့ဝန်ထမ်းများနှင့် ကျန်းမားရေးဝန်ထမ်းများအား သင်တန်းပေးရာတွင် မိမိအထက်အရာရှိများအား ကူညီဆောင်ရွက်ရန်။ •             အာဟာရစီမံကိန်းလုပ်ငန်းများအားစောင့်ကြည့်ခြင်းလုပ်ငန်းစဉ်များတွင်အထောက်အကူပြု ဆောင်ရွက်ရန်။ •             စီမံကိန်းနေရာများရှိအာဟာရချို့တဲ့နေသောအန္တရာယ်ရှိကိုယ်ဝန်ဆောင်များ၊၆လမှ ၅၉လအရွယ် ကလေးများအား စေတနာ့ဝန်ထမ်းများမှတစ်ဆင့်လွှဲပြောင်းခြင်းလုပ်ငန်းများတွင်အထောက်အကူပြု ကူညီဆောင်ရွက်ရန်။ •             ရင်ဆိုင်ကြုံတွေ့ရသောအခက်အခဲနှင့်ပြဿနာများ၊လေ့လာသင်ယူရရှိသည်များအားမိမိ၏လုပ်ဖော် ကိုင်ဖက်များနှင့် မျှဝေပေးခြင်း၊ ဖြေရှင်းခြင်းများဆောင်ရွက်ရန်။ •             အထက်အရာရှိများမှ ညွှန်ကြားသောအခြားတာဝန်များအားဆောင်ရွက်ရန်။ •             စီမံကိန်းနေရာများရှိ ဩဇာတိက္ကမရှိသူများ၊ စီမံကိန်းနှင့်အဓိကသက်ဆိုင်သောသူများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များတွင်အထက်အရာရှိများအား ကူညီဆောင်ရွက်ရန်။ •             စီမံချက်လုပ်ငန်းများနှင့်သက်ဆိုင်သောလစဉ်အစီရင်ခံစာများအားပြင်ဆင်ရန်။ •             အာဟာရစေတနာ့ဝန်ထမ်းများ၊ရပ်ရွာဖွံဖြိုးရေးကော်မတီဝင်များ၏အရည်အသွေးများအားမြှင့်တင် ပေးရန်။ •             စီမံချက်လုပ်ငန်းများနှင့်သက်ဆိုင်သောမှတ်တမ်းများအားစနစ်တကျသိမ်းဆည်းရန်။ လိုအပ်သောအရည်အချင်း -  ကျွမ်းကျင်မှုများနှင့်အတွေ့အကြုံ :  •             လူမှုအဖွဲ့အစည်းများ၌ မည်သည့်လုပ်ငန်းတွင်မဆို အတွေ့အကြုံရှိသူ။ •             သက်ဆိုင်ရာနယ်ပယ်တွင် အနည်းဆုံး လုပ်သက်တစ်နှစ်ရှိသူအား ပိုမိုကောင်းမွန်ပါသည်။   ပညာရေး  :  •             အလယ်တန်းအောင်၊ အထက်တန်း (တက္ကသိုလ်ဝင်တန်း) အောင်။ •             ဘွဲ့ရ (၃ နှစ်နှင့်အထက် အဆင့်မြင့်ပညာရေး)။    ဘာသာစကားနှင့်လုပ်ငန်းကျွမ်းကျင်မှု :  •             လုပ်ငန်းစွမ်းဆောင်ရည် - အချိန်စီမံခန့်ခွဲမှု၊ သတ်မှတ်ချိန်အမီပြီးစီးခြင်း၊ဖိအားများကို အံတု၍ တာဝန် ထမ်းဆောင်နိုင်ခြင်း  •             စီမံချက်ရုံးများသို့ သွား၍ ခက်ခဲသော လုပ်ငန်းခွင်တွင် ခရီးသွားလာမှု စည်းမျဉ်းသတ်မှတ်ချက်များအတိုင်းတာဝန်ထမ်းဆောင်နိုင်ခြင်း   စီမံခန့်ခွဲမှု :  •             ကောင်းမွန်သော ဝန်ထမ်းစီမံခန့်ခွဲမှု အရည်အချင်းများ/ အတွေ့အကြုံရှိသူ၊ အဖွဲ့လိုက်ဆောင်ရွက်မှုကို အားပေးသော လုပ်ငန်းခွင် ဖန်တီးပေးနိုင်သူနှင့် နေရာဒေသ အမျိုးမျိုးတွင် လုပ်ဖော်ကိုင်ဖက်များ၏ စိတ်အားထက်သန်မှုကို လှုံဆော်ပေးနိုင်သူ   အထွေထွေ •             အဖွဲ့အစည်းအတွင်းမှ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ကိုင်နိုင်ခြင်း။ •             အလုပ်သဘောဆက်ဆံရေးကို မြင့်မားစေ၍ ကလေးသူငယ်များအတွက် ထူးကဲသောရလဒ်များ ပေးစွမ်းနိုင်ခြင်း။ •             SCI ၏ မျှော်မှန်းချက်များ၊ တန်ဖိုးများနှင့် အခြေခံမူများကို သိရှိနားလည်ပြီး စွဲကိုင်ထားခြင်း။ •             SCI ၏ ကလေးသူငယ်ဘေးကင်းလုံခြုံစေရေးမူဝါဒ အပါအဝင် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ တန်းတူအခွင့်အရေးရရှိစေရေးနှင့်အခြားသက်ဆိုင်ရာ မူဝါဒများအားလုံးကို လိုက်နာကျင့်သုံးလိုသည့် စိတ်ဆန္ဒနှင့် ကျင့်သုံးရန် အရည်အချင်းရှိခြင်း။   SCI ၏တန်ဖိုးထားမှုများကိုအောက်တွင် ဖော်ပြထားပြီး လျှောက်ထားသူအားလုံးကို ယင်းတန်ဖိုးများနှင့်အညီ လိုက်နာဆောင်ရွက်မည်ဟု မျှော်မှန်းထားပါသည်။  တာဝန်ခံနိုင်မှု   ကျွန်ုပ်တို့သည်အဖွဲ့ပိုင်အရင်းအမြစ်များကိုအကျိုးရှိစွာသုံးစွဲရန်၊တိုင်းတာ၍ ရနိုင်သော ရလဒ်များ ရရှိရန်နှင့် ထောက်ခံအားပေးသောသူများ၊ မိတ်ဖက်များ အပါအဝင် အရေးအကြီးဆုံးဖြစ်သည့် ကလေးများအပေါ် တာဝန်ခံရန် အတွက် ကိုယ်စီကိုယ်ငှ တာဝန်ယူပါသည်။   ရည်မှန်းတောင့်တချက်   ကျွန်ုပ်တို့သည်မိမိကိုယ်မိမိနှင့် လုပ်ဖော်ကိုင်ဖက်များတွင် မြင့်မားသည့် ရည်မှန်းချက်ပန်းတိုင်များ ထားရှိရန်နှင့် ကလေးများအတွက် လုပ်ကိုင်ဆောင်ရွက်သမျှ အရာရာတိုင်း အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက်ဦးတည်ဆောင်ရွက်ခြင်းရှိရန်တောင်းဆိုသွားမည်။   လက်တွဲဆောင်ရွက်ခြင်း   ကျွန်ုပ်တို့သည်အချင်းချင်းလေးစားတန်ဖိုးထားသည်။အမျိုးအမည်စုံလင်ကွဲပြားမှုဖြင့်တိုးတက်အောင်မြင်စေ၍ ကလေးများဘဝတွင် ထူးခြားပြောင်းလဲမှု ဖန်တီးပေးရာတွင် ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ အားအင်တိုးမြင့်စေရန် မိတ်ဖက်များနှင့် လက်တွဲဆောင်ရွက်သည်။   တီထွင်ကြံဆမှု   ကျွန်ုပ်တို့သည်ကလေးများအတွက် ရေရှည်တည်တံ့သော အဖြေများ ဖော်ထုတ်ရန်အတွက် စိတ်ကူးသစ်များကို လက်ခံသည်။ အပြောင်းအလဲကို ကြိုဆိုသည်။ စနစ်တကျပြင်ဆင်မှုဖြင့် စွန့်စားဆောင်ရွက်သည်။   ဖြောင့်မတ်မှန်ကန်မှု   ကျွန်ုပ်တို့သည်မိမိ၏ ရိုးသားဖြောင့်မတ်မှုနှင့် အပြုအမူပိုင်းဆိုင်ရာတွင် အမြင့်မားဆုံးစံနှုန်းများဖြင့်ကျင့်ကြံနေထိုင် မည်။ အဖွဲ့၏ ဂုဏ်သတင်း ဆုတ်ယုတ်စေရန် မည်သည့်အခါတွင်မျှ လုပ်ဆောင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ အစဉ် လုပ်ကိုင်ဆောင်ရွက်သမျှသည် ကလေးများအတွက် အကောင်းဆုံး အကျိုးကျေးဇူးဖြစ်စေရမည်။    သာတူညီမျှအခွင့်အရေးများရရှိခြင်း ဤရာထူးတွင်တာဝန်ထမ်းဆောင်သောသူသည် SCI ၏ သာတူညီမျှအခွင့်အရေးနှင့် မတူညီကွဲပြားမှုမူဝါဒများကိုလုပ်ထုံးလုပ်နည်းများနှင့်အညီလိုက်နာဆောင်ရွက်ရပါမည်။   ကလေးသူငယ်များဘေးကင်းလုံခြုံစေခြင်း ကျွန်ုပ်တို့သည်ကလေးသူငယ်များအား ဘေးကင်းလုံခြုံမှုပေးနိုင်ရန်အတွက်ဝန်ထမ်းများအား ရွေးချယ်သည့် လုပ်ငန်း များဆောင်ရွက်သည့်အခါ တိကျမှန်ကန်သည့် နောက်ကြောင်းရာဇဝင်စစ်ဆေးမှုများကိုပြုလုပ်သွားပါမည်။    ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံစေရေး ဤရာထူးတွင်တာဝန်ထမ်းဆောင်သောသူသည် SCI ၏ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံစေရေးမူဝါဒများကိုလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။    ဤရာထူးအားလုပ်ငန်းကျွမ်းကျင်ပြီးစိတ်ဝင်စားသောသူများသည်လျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင်အကျဉ်းကို အောက်ဖော်ပြပါလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ The Organization We employ approximately 25,000 people across the globe and work on the ground in over 100 countries to help children affected by crises, or those that need better healthcare, education and child protection. We also campaign and advocate at the highest levels to realise the right of children and to ensure their voices are heard. We are working towards three breakthroughs in how the world treats children by 2030: · No child dies from preventable causes before their 5th birthday · All children learn from a quality basic education and that, · Violence against children is no longer tolerated We know that great people make a great organization, and that our employees play a crucial role in helping us achieve our ambitions for children.We value our people and offer a meaningful and rewarding career, along with a collaborative and inclusive workplace where ambition, creativity, and integrity are highly valued. Application Information: Please apply using a cover letter and up-to-date CV as a single document. Please also include details of your current remuneration and salary expectations. A copy of the full role profile can be found at www.savethechildren.net/jobs We need to keep children safe so our selection process reflects our commitment to the protection of children from abuse.
Responsibilities
The role involves actively participating in the implementation of nutrition projects in Pauktaw Township, Rakhine State, focusing on the treatment and care of children with acute and moderate acute malnutrition through close collaboration with the community, mother-to-mother support groups, father groups, and volunteers. Key duties include supporting the formation of support groups, distributing hygiene kits, identifying malnutrition, supervising community nutrition workers, providing counseling on infant and young child feeding, and assisting with monitoring activities.
Loading...